ချင်းပြည်နယ် ၀န်ကြီးချုပ် Salai Lian Lua

Pu Salai Lian Luai (ဦးဆလိုင်းလျန်လွယ်) သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Airibual (အိုင်ရီဘွယ်ရွာ) ဇာတိဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာနှင့် ဘာသာရေးဘွဲ့ BRE တို့အား ရရှိနိုင်ခဲ့သူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀တွင် ဆလိုင်း-မိုင် လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသားလှုပ်ရှားမှုများတွင် ဆလိုင်းရမ်လိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ ဥပဒေပိုင်းဆိုင်ရာ အစိုးရအမှုထမ်းအဖြစ် ဗဟိုဥပဒေရုံး (ရန်ကုန်)၊ ကလေးမြို့၊ ဖလမ်းမြို့၊ မင်းတပ်မြို့၊ မတူပီမြို့၊ မန္တလေး၊ အမရပူရနှင့် စဥ့်ကိုင် တို့တွင် ထမ်းဆောင်ခဲူ့းပြီး နောက်ဆုံးတွင် တမူးခရိုင်ဥပဒေအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ အစိုးရ၀န်ထမ်း ထမ်းဆောင်စဉ်ကာလတွင်- တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး တံဆိပ်၊ ၀န်ထမ်းကောင်း တံဆိပ်နှင့် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် (၃) ခု အား ဆွတ်ခူးခဲ့ဖူးသူလည်း ဖြစ်သည်။ ယင်းနောက် ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် ၀င်ရောက်အရွေးချယ်ခံပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။ ၂၀၁၆-၂၀၂၁ ချင်းပြည်နယ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌများ ဖြစ်ကြသော ဦးဇိုဘွဲနှင့် ဦးအောင်တမ်တို့အား ကျမ်းသစ္စာပြုလုပ်ရာတွင်လည်း လွှတ်တော်သဘာပတိအဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်၏ မဟေသီမှာ- Pi Run Nei Par ဖြစ်ပြီး၊ သားသမီးများမှာ- Mai Ci Em Sung, Dr. Van Hum (Salai Lal Hum Thang), Mai Zung Len Mawi နှင့် Salai Cung Hu Lian တို့ ဖြစ်ကြသည်။

click to rate

Comments