-
1.6K Views 0 Comments 0 Likes 0 Reviews
လူမျိုးနွယ်စုတိုင်းတွင် မိဘတို့၏ အမွေအနှစ်များကို သားသမီးတို့က အမွေဆက်ခံရာတွင် ဓလေ့ထုံးစံအရ လူမျိုးနွယ်စု တစ်မျိုးနှင့် တစ်မျိုးကွဲပြားခြားနားမူများရျိပါသဖြင့် ပြည်ထောင်စုမြန်မာနိင်ငံတော်တွင် နေထိုင်ကြသော ချင်းပြည်နယ် အတွင်းရှိ ဇိုတုန်လူမျိုးနွယ်စုတို့၏ အမွေဆက်ခံပုံကို ရှာတလိုင်းနှစ်ခြင်း ခရစ်ယာန်ရွှေရတုသဘင် မဂ္ဂင်းမှ ရေးသားဖော်ပြလိုပါသည်။
ဇိုတုန်လူမျိုးနွယ်စုတို့သည် တချို့က မြောက်ပိုင်း ဖလမ်း၊ ဟားခါးတို့မှလည်းကောင်း၊ အချို့က ဂန့်ဂေါ၊ ထီးလင်းမှလည်းကောင်း ဝင်ရောက်ကြပြီး လူမျိုးနွယ်စုအလိုက် ရေကြည်ရာ မြက်နူရာ ဒေသများတွင် ကျေးရွာများ တည်ထောင်နေထိုင်ကြပါသည်။ ရှေးနှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ကတည်းက ဖြစ်ချေင်းများစွာ ပိုင်းခြားထားသည် ဖြစ်စေ၊ ဝေးသီမြင့်မားတောင်ပေါင်းများစွာ ကာဆီးထားသည်ဖြစ်စေ၊ ဇိုတုန်လူမျိုးနွယ်စုတို့သည် အေးအတူပူအမျှ ရင်းနှီးချစ်ခင်စွာ အတူတကွ ပေါင်းစည်းနေထိုင်ခဲ့ကြပါသည်။
အမွေဆက်ခံရာတွင် ဖခင်က ထားခဲ့သော ကောင်းမွေ၊ ဆိုးမွေအားလုံးကို ဆက်ခံရခြင်းဖြစ်သည်။ မဘများက ထားခဲ့သော အသောပစ္စသည်များကို ဆက်ခံရသကဲ့သို့ ပေးစရာ ကြွေးမြီရှိကလည်း အမွေဆက်ခံ သူက ပေးဆပ်ရသကဲ့သို့ ပေးစရာ ကြွေးမြီရှိပါကလည်း အမွေဆက်ခံ သူက ပေးဆပ်ရမည့် တာဝန်ရှိပါသည်။ အမွေဆက်ခံရာတွင် သားအကြီးဆုံးက အမွေဆက်သောလူမျိုးနှင့်သား အထွေးဆုံးက အမွေဆက်ခံသော လူမျိုးနွယ်စုဟူ၍ နှစ်မျိုးရှိပါသည်။ သားအကြီးဆုံးက အမွေဆက်ခံသော လူမျိုးနွယ်စုတွင် သားအကြီးဆုံးသေးဆုံးသွားပါက ဒုတိယသားကြီး၊ တတိယသားကြီး စသည်ဖြင့် ကြီးစဉ်ငယ်လိုက်အမွေများဆက်ခံပိုင်ခွင့် ရှိပါသည်။ ထိုနည်းတူစွာ သားအထွေးဆုံးက အမွေဆက်ခံသော လူမျိုးနွယ်စုတွင် အထွေးဆုံးသား သေဆုံးသွားပါက ဒုတိယ သားထွေး၊ တတိယသားထွေးစသည်ဖြင့် ငယ်စဉ်ကြီးလိုက် အမွေများဆက်ခံပိုင်ခွင့် ရှိပါသည်။
အမွေဆက်ခံရာတွင် သားယောကျားၤများကသား အမွေဆက်ခံပိုင်ခွင့်ဲရှိပါသည်။ သမီးမိန်ကလေးများအား အမွေမပေးရခြင်းအကြောင်းရင်းမှာ သမီးမိန်ကလေးများသည် အိမ်ထောင်ကျလာသောအခါ သူ့ခင်ပွန်းများမျိုးနွယ်ထဲကဲ့သို့ ပါဝင်ရပြီး ၎င်း၏ ခင်ပွန်းဘက်မှ ကျင့်သုံးရမည် ဓလေ့ထုံးစံများကို လိုက်နာရသည်။ မူလမိဘမျိုးနွယ်ထဲမှ ၎င်း၏ ခင်ပွန်းမျိုးနွယ်ထဲသို့ ပါဝင်သွားခြင်းဖြစ်သောကြောင့် အမွေများမပေးရခြင်းဖြစ်ပါသည်။ အမွေဆက်ခံမည် သားယောကျားၤမရှိသည့် မိသားစုတွင် အမွေများကို ဖခင်နှင့် အနီးစပ်ဆုံးဆွေမျိုးယောကျားၤတစ်ဦးဦးက ဆက်ခံပိုင်ခွင့် ရှိပါသည်။ အမွေဆက်ခံမည့် သားယောကျာၤးအရွယ် မရောက်ခင် ဖခင်သေးဆုံးသွားပါက မိခင်သည် အမွေဆက်ခံမည့်သူ ကိုယ်စားအမွေပစ္စည်းများကို ထိန်းသိမ်းပေးရပါသည်။
သားယောကျာၤးအမွေဆက်ခံသူသည် အိမ်ထောင်ကျသော်လည်း အိမ်ခွဲမနေရပါ။ မိဘအိမ်မှာ မိမိ၏ သားသမီး မိသားစုပါ ရော၍အတူ နေထိုင်ပြီး မိဘများနှင့် ညီအစ်ကို မောင်နှမများကို စောင့်ရှောက်ခဲ့ရပါသည်။ အမွေဆက်ခံသူသည် လုပ်ငန်းအခြေအနေအရ အခြားအရပ်ဒေစသို့ ထွက်သွားတာဝန်ထမ်းဆောင်ပါက အခြားအရပ်ဒေသသို့ ထွက်သွားတာဝန်ထမ်းဆောင်ပါက အဝေးမှပင် ကူညီ ပံ့ပိုးစောင့်ခဲ့ရသည်။ အကယ်၍ မိဘများအသက်ကြီး၍ အနီးကပ်ပြုစု စောင့်ရှောက်ရန်လိုပါက မိမိထံခေါ်ယူပြုစု စောင့်ရှောက်ခြင်း (သို့မဟုတ်) မိဘများထံသို့သွားပြီး ကိုယ်တိုင်ပြုစုစောင့်ရှောက်ခြင်းပြုလုပ်ရပါသည်။
အမွေဆက်ခံသူသည် သားတစ်ယောက်ထွန်းကားပြီး ဇနီးသေဆုံး၍ နောက်ထပ် အိမ်ထောင်ပြုပါက နောက်အိမ်ထောင်နှင့် သားသမီးများမှာ အမွေဆက်ခံ ပိုင်ဆိုင်ခွင့်မရှိပေ။ ပထမဇနီးနှင့်ရသော သားကသာလျှင် အမွေဆက်ခံပိုင်ခွင့် ရှိပါသည်။ ဖခင်သည်နောက် ဇနိးနှင့် အိမ်ခွဲနေပြီးမှ ဆုတောင်းရရှိသော ပစ္စည်းဥစ္စာများကိုသာလျှင် နောက် ဇနိးနှင့်ရသောသားက ပိုင်ဆိုင်ခွင့်ရှိပါသည်။ ဖခင်ကိုနောက် ဇနိးနှင့်ရသော သားသမီးများက ပြုစုစောင့်ရှောက်ရပါသည်။ အိမ်ခွဲနေကြသောလည်း ဖခင် သေးဆုံးသွားသောအခါတွင်မူ ပထမ ဇနီး၏ သားက တာဝန်ယူ၍ သဂြိုလ်ရပါသည်နောက် ဇနီးနှင့်ရသော သားသမီးများကိုလည်း မိဘများမရှိသည့်နောက်ပိုင်းတွင် ပထမဇနီး၏ သားက မိဘများကိုစား စောင့်ရှောက်ရပါသည်။
သားအထွေးဆုံးက အမွေဆက်ခံသော လူမျိုးတွင် များသော အားဖြင့် သားအထွေးဆုံးကို အိမ်၊ လယ်ယာ၊ တောင်ယာ၊ မြေယာတို့ကို အမွေဆက်ခံပိုင်ခွင့်ရရှိပိုင်ခွင့်ရရှိပြီး အကြီးဆုံးသားကိုလည်း တောင်ယာ၊ လယ်ယာ၊ မြေယာ၊ သေနတ် သသည်ဖြင့် အမွေများကို ခွဲဝေဆက်ခံခွင့်ရှိပါသည်။ ဒုတိယသားနှင့် တတိယသားတွေကိုတော့ အမွေများ ဆက်ခံပိုင်ခွင့်မရှိကြပါ။ အထွေးဆုံးသားနှင့် အကြီးဆုံးသား နှစ်ယောက်စလုံးသေဆုံးပါက ဒုတိယသားနှင့် တတိယ သားများက အမွေဆက်ခံခွင့်ရှိပါသည်။
ဖခင်သည် အမွေဆက်ခံမည်းသား မထွန်းကာပါက အမွေမစ္စည်းများကို ဖခင့်နှင့် အနီးစပ်ဆုံး ဆွေမျိုးယောကျာၤး တစ်ဦးဦးက အမွေဆက်ခံပိုင်ခွင့်ရှိပါသည်။ လူမူရေး၊ စီးပွားရေး ကိစ္စကိုလည်း ဖခင်နှင့် အနီးစပ်ဆုံး ဆွေမျိုးသား ယောကျာၤး တစ်ဦးဦးက ဝင်ရောက ကူညီဆောင်ရွက်ပေးရပါသည်။ အမွေဆက်ခံသူသည် မိဘပိုင်ပစ္စည်းအားလုံးကို ယူပြီး ကျန်ညီအစ်ကို မောင်နှမများကို တစ်စုံတစ်ခုမျှ မပေးသည့် သဘောမျိုးကား မဟုတ်ပေ။ အမွေဆက်ခံသူသည် အမွေပစ္စည်းများကို ထန်းသိမ်းခြင်းတာဝန်၊ ခွဲဝေခြင်းတာဝန်၊ ကြွေးမြီရှိပါက တောင်းခံခြင်းတာဝန်၊ ပေးဆပ်ခြင်းတာဝန်တို့ကို ထမ်းဆောင်နေရပ်ပါသည်။
ဖခင်သည် အမွေဆက်ခံမည်ယောကျာၤးသားမရှိပါက အမွေပစ္စည်းများကို ဖခင်၏ လူမျိုးနွယ်စုထဲ သားယောကျာၤး တစ်ဦးဦးက ရပိုင်ခွင့်ရှိပါသည်။ မိမိသားသမီးများအမွေ ပေးလိုက်ပါက သူတို့နှစ်ဦးသည် သားသမီးတစ်ယောက်မှ မထွန်းကားဘဲနှစ်ဦး စလုံးသေဆုံးသွားပါက ၎င်းတို့၏ ရရှိသော အမွေပစ္စည်းများကို ဓလေ့ထုံးစံအာ ခင်ပွန်းနှင့် အနီးစပ်ဆုံး ဆွေမျိုးများ၏ သားယောကျာၤးတစ်ဦးဖြစ်သော သူစိမ်းတစ်ယောက်ယောက်က အမွေရပိုင်ခွင့် ရှိသွြးမည်ဖြစ် ပါသဖြင့် သမီးများကို အမွေမပေးရခြင်းဖြစ်ပါသည်။
ဇုတုန်မျိုးနွယ်စုတို့၏ ဓလေ့ထုံးစံတွင် သမီးများကို အမွေမပေးဟု ဆိုထားသော်လည်း မိမိသားသမီးများ အိမ်ထောင် ကျလာသောအခါတွင် လက်ဖွဲ့သဘောဖြင့်ဖြစ်စေ ကူညီပံ့ပိုးသည့်သဘောဖြင့်ဖြစ်စေ မိမိ၏ ပစ္စည်းဥစ္စာများထဲမှ ပေးလိုပါက ပေးပိုင်ခွင့်ရှိပါသည်။ သမိးများအမွေမပေးရခြင်းသည် သမီးမိန်းကလေးများသည် အိမ်ထောင်ကလာသောအခါ သူ့ယောကျာၤးမျိုးနွယ်စုထဲသို့ ပါဝင်သွားပြီးဖြစ်သောကြောင့် အမွေပေးရန် မသင့်တော်ဟု ယူဆကြပါသည်။
သိုဖြစ်ရာ သမိးမိန်းကလေးများကို အိမ်လယ်ယာ၊ တောာင်ယာ၊ မြေယာ၊ သေနတ်စသည်းတို့ကို အမွေမပေးဘဲ သားယောကျာၤးများကို သားအိမ်၊ လယ်ယာ၊ တောင်ယာ၊ မြေယာ၊ သေနတ်စသည် ပစ္စည်းအမွေများကို ပေးပိုင်ခွင့် ရှိကြောင်း ဇိုတုန်လူမျိုးနွယ်စုတို့၏ အမွေဆက်ခံပုံကို ရေးသားတင်ပြလိုက်ရပါသည်။