-
1.5K Views 0 Comments 0 Likes 0 Reviews
ဇိုတုန်မျိုးနွယ်စုများသည်အများအားဖြင့်မြောက်ပိုင်းဖလမ်းမြို့နယ်နှင့်ဟားခါးမြို့နယ်ဖက်မှလာရောက်ဆင်းသက်သူများဖြစ်သည်။ဇိုတုန်မျိုးနွယ်စုများတွင်အဓိကအားဖြင့်ဆွေမျိုးစု(၂၀)ကျော်ရှိရာ၊ ထင်ရှားသောမျိုးနွယ်စုများမှာစာလ်ထောင်၊အင်းမိုင်းနှင့်တင်ပေါ်များဖြစ်ကြသည်။စာလ်ထောင်မျိုးနွယ်စုများသည်ယခုဖလမ်းမြို့နယ်အနောက်မြောက်ဖက်နှင့်အိန္နိယနယ်စပ်ရှိတွီကျုံပီ(TuiCcungpi)ဟုခေါ် သောရိကန်ပတ်ဝန်းကျင်တွင် (၁၄) ရာစုအစောပိုင်းကာလတွင်နေခဲ့ဟန်တူလေသည်။ ၎င်းမှတစ်ဆင့် ဟားခါးနယ်ကိုဖြတ်ကျော်၍ဇိုဖေနယ်မြေတွင်နှစ်အတော်ကြာနေထိုင်ခဲ့ကြပေသည်။၎င်းမှဘွေနူးမြစ်အတိုင်းစုန်ဆင်းလာကြ၍ယခုဘွေနူးချောင်းနှင့်ဆရောချောင်းဆုံးရာဒေသတွင်ရွာတည်၍နေထိုင်ကြသည်။ ယင်းဒေသတွင်ဆောင်စောင်ဟုခေါ်သောကျောက်တုံးကြီးရှိ၍၎င်းကိုအစွဲပြုပြီး ဆောင်စောင် (စာလ်ထောင်)ဟုခေါ်ရခြင်းဖြစ်သည်။ စာလ်ထောင်ရွာကိုဦးဆောင်တည်ထောင်သူမှာ ငိုက်ကျို (Ngai Co)ဖြစ်၍ဆွေစဉ်မျိုးဆက်(၁၄)ဆက်ရှိပြီးဖြစ်ရာအေဒီ(၁၅)ရာစုအစောပိုင်းလောက်တွင်ဖြစ်ခဲ့ဟန်တူ လေသည်။ ယခုကျေးရွာပေါင်း (၂၀) အထိပျံနှံ့နေထိုင်ကြသည်။ ၎င်းစာလ်ထောင်ရွာမှ လန်လီ၊ ရှာရှစ်၊ တီနီယား၊ ရှာတလိုင်း၊ လိုတော၊ ရွာဗား၊ ဆော်တီး၊ ရေဇွာ၊ အေတန်း စသည့်ကျေးရွာများအဖြစ်ခွဲထွက်၍
အင်မိုင်းဆွေမျိုးစုတို့မှာယခုမီရမ်နယ်ဖက်မှဝင်ရောက်လာသူများဖြစ်ကြသည်။မီရမ်နယ်တွင်တောင် ဘူးရွာနားရှိ ဘူဇာနင် (Bu canning) တွင်နှစ်အတော်ကြာအောင်နေပြီး ယခုဟရင်ထန်းရွာကိုတည်ထောင်ခဲ့သည်။ ၎င်းဟရင်ထန်းရွာမှ အိုက်ကား၊ ရှာငို၊ ထောင်လန်း၊ ဝေါ်တီး၊ နာဘုန်း၊ တူဖေ၊ လုံဒေါ၊ စန်စက်၊ ခိုဘွေး စသည့်ကျေးရွာများအထိပျံနှံ့နေထိုင်ကြသည်။
တိန်ပေါ်ဆွေမျိုးစုများမှာယခုတန်ကူးကျေးရွာလုံဟန်းဒေသမှဆင်းသက်လာသည်ဟုအဆိုရှိခဲ့ကြသည်လုံဟန်ဒေသမှခွဲထွက်လာ၍ယခုဘလေးရွာအနီးတွင်တိန်ပေါ်ရွာကိုတည်ထောင်ခဲ့သည်။ ၎င်းရွာမှတဆင့်လုံငိုး၊ တင်ဆီး၊ ရာဆိုး၊ ဒိုင်းဒင်း၊ ရေဆော၊ လုံကား၊ ထေရှိ၊ တိလတ်၊ ဘလေး၊ လုံရိန်၊ ဝေရုံးစသည့်ကျေးရွာများအထိ ပျံနှံ့နေထိုင်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဇိုတုန် (Zotung) မျိုးနွယ်စုများ၏ရာဇဝင်တွင် တွီကျုံးပီး (Tui Ccungpi) ခေါ်ရေအိုင်ကြီးမှလာကြောင်းဆိုရာ၎င်းသည်ရိရေအိုင်ကြီးဖြစ်သကဲ့သို့အင်းတော်ကြီးလည်းဖြစ်နိုင်ပေသည်။
နေထိုင်ဒေသ
အရှေ့ဖက်တွင် ဂန့်ဂေါမြို့နယ်နှင့်ထီးလင်းမြို့နယ်၊ မြောက်ဖက်တွင် ဟားခါးမြို့နယ်၊ အနောက်ဖက်တွင်ထန်တလန်မြို့နယ်နှင့်မီရမ်မျိုးနွယ်စု၊တောင်ဖက်တွင်မတူမျိုးနွယ်စုနေထိုင်ကြသည်ဤဒေသရှိထင်ရှားသော်မြစ်များမှာဘွေနူးမြစ်၊ မြစ်သာမြစ်၊ ဝန်ဖူးချောင်း၊ တီတားချောင်း စသည့်တို့ဖြစ်ကြသည်။ ထင်ရှားသောတောင်များမှာ အောတရောတောင်၊ လွီထန်းတောင်၊ ရွမ်းပါး (Rawnpaw) တောင်စသည့်တို့ဖြစ်သည်။
လူမျိုးအမည်
ဇိုတုန်မျိုးနွယ်စုတို့သည်မိမိတို့ကိုယ်မိမိဇို(Zo)ဟုခေါ်ကြသည်။မိမိတို့အပါအဝင်အခြားသောချင်းလူ မျိုးအားလုံးကိုလည်း ဇို (Zဝ) ဟုပင်ခေါ်ကြသည်။ ဇိုဆိုသည်မှာ လိုင် (ဟားခါး) စကားအရ တောင်အဓိပ္ပာယ်ရသော်လည်း ဇိုတုန်စကားတွင် တောင်ဟူ၍အဓိပ္ပာယ်မရပါ။ မိမိတို့မျိုးနွယ်စုကိုမိမိတို့မှည့်ခေါ်ထားသော သီးခြားဝေါ်ဟာရစကားသာဖြစ်သည်။ “တုန်” (Tung) ဆိုသည်မှာအလျားလိုက်ဟူ၍အဓိပ္ပာယ်ရသည်။ထို့ကြောင့်ဇိုတုန်၏အဓိပ္ပာယ်မှာအလျားလိုက်တည်ရှိသောနယ်မြေတွင်နေထိုင်ကြသည့်ဇိုမျိုးနွယ်စုများဟူ၍ဖြစ်သည်။
ချင်းလူမျိုးထဲတွင်ဇို၊လိုင်ဇို၊ဇိုဖေ၊ဇိုတုန်နှင့်မီဇို(လူရှေ)ဟူ၍ဇိုမျိူးနွယ်စုများဖြစ်ကြသဖြင့်အခြားသောမျိုး နွယ်စုများထဲကတမူူထူးခြားစေရန်အလျားလိုက်နယ်မြေတွင်နေထိုင်ကြသောဇိုမျိုးနွယ်စုများဟုခေါ်
တွင်ခြင်းဖြစ်သည်။မိမိတို့သည်လွန်ခဲ့သောနှစ်ပေါင်းများစွာက ဇို၊ ဇိုဖေ၊ လိုင်ဇို၊ မီဇို (လူရှေ)မျိုးနွယ်စုများနှင့်အတူဆင်းသက်လာခြင်းဖြစ်မည်ဟုယူဆကြသည်။ထို့ကြောင့်ဇိုဆိုသည်မှာမိမိတို့ဆင်းသက်လာသည့်ပင်ရင်းမျိုးနွယ်စုအမည်ပင်ဖြစ်သည်။
ဆင်းသက်လာပုံ
ဇိုတုန်မျိုးနွယ်စုတို့ဆင်းသက်ပြန့်ပွားလာပုံနှင့်ပတ်သတ်၍စာအုပ်စာတမ်းအထောက်မထားမရှိခဲ့သ ဖြင့်ရှေးလူကြီးများ၏သားစဉ်မြေးဆက်ပြောဆိုခဲ့ကြသောပါးစပ်ရာဇဝင်ကိုသာအထောက်အထားအဖြစ်ကိုးကားရယူပါသည်။ ဇိုတုန်ဒေသသို့ဝင်ရောက်ကြရာတွင်လမ်းကြောင်းအသီးသီးမှဝင်ရောက်ခဲ့ကြသည်ကိုတွေ့ရှိရပါသည်။ ယင်းလမ်းကြောင်းများမှာ….
(က)ဘွေနူးမြစ်ဖျားမှ အိုက်ကားရွာလမ်းကြောင်း
(ခ) ဖိုင်ယောင်မှစာလ်ထောင်ရွာလမ်းကြောင်း
(ဂ) ဘူဟနင်တောင်မှ တင်ပပီးလမ်းကြောင်း
(ယ)ထီးလင်း၊ဂန့်ဂေါဒေသမှတင်းပပီးလမ်းကြောင်းတို့ဖြစ်သည်။
(က)ဘွေနူးမြစ်ဖျားမှ အိုက်ကားရွာလမ်းကြောင်း
အင်းမိုင်းပါးသည်ဘွေနူးမြစ်ဖျားမှနေ၍ဘွေနူးမြစ်အတိုင်းစုန်ဆင်းလာသည်။ထို့နောက်ဝန်ဖူးချောင်းအတိုင်းဆန်တက်ပြီးဘူဟနင်တောင်တွင်နေထိုင်ခဲ့သည်။ဘူဟနင်တောင်မှတစ်ဆင့်ယခုရေဇွာနှင့်ဟရင်ထန်းကြားရှိစာခိုခူတောင်တွင်ဟရင်ထန်းရွာသားများနှင့်အတူနေထိုင်ခဲ့သည်။စာခိုခူတောင်မှနေ၍တောဝက်ဖြူကိုလိုက်ရင်းယခုအိုက်ကားရွာအနောက်ဖက်ရှိ အင်မင်းတောင်တွင်ရှိသော ရမ်ယီယာ (Ram Zia) ရွာသို့ရောက်ခဲ့သည်။ ရမ်ယီယာရွာမှတစ်ဆင့် အိုင်ဒူခူရွာဟုအမည်တွင်ခဲ့သော ယခု အိုက်ကားရွာကိုတည်ခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရကအိုက်ကားရွာကိုမီးရှို့ဖျက်ဆီးပြီးသည့်နောက်တွင်ဒေသအသီးသီးသို့တိမ်းရှောင်ထွက်ပြေးရင်းအောက်ပါရွာများအဖြစ်ခွဲကာနေထိုင်ခဲ့ကြသည်။
ရှာငို၊ လုံးဖျားလျာ၊ ဟရင်းထန်၊ ထောင်လန်၊ ရာဆိုး၊ ဝေါ်တီး၊ ဆဲမ်ပီး၊ လုံဒေါ၊လောင်ဝါ၊ ခိုဘွေး၊ ခွာတွာ၊ စန်စက်၊ ဒိုင်ဒင်း၊ တူဖေ၊ နာဘုန်၊ ရွှေတောင်၊ ဒါရ်ကျုံး၊ အန်တား၊ လုံရန်း၊ ပန်ဝေါ၊ ဖာယောင်၊ ယောင်နက်၊ လုံးရိန်……စသည့်ရွာများအဖြစ်အသီးသီးနေထိုင်လျက်ရှိကြသည်။
(ခ) ဖိုင်ယောင်မှစာလ်ထောင်ရွာလမ်းကြောင်း
ဖိုင်ယောင်ရွာမှဆင်းသက်လာကြသောစာလ်ထောင်အုပ်စုသည် ယခုစာလ်ထောင်ရွာတွင်ရွာတည်ကာနေထိုင်ခဲ့ကြသည်။စာလ်ထောင်ရွာမှတဆင့်ကျေးရွာအသီးသီးသို့အဆင့်ဆင့်ပျံနှံ့နေထိုင်ခဲ့ကြသည်။ယခုကျေးရွာပေါင်း(၂၀)အထိပျံနှံ့နေထိုင်ကြသည်။ယင်းကျေးရွာ များမှာ လန်လီ၊ ဟုန်လေး၊ ရှာရှစ်၊ တီနီယား၊ ရှာတလိုင်း၊ လိုတော၊ ရွာဗား၊ ဆော်တီး၊ ရေဇွာ၊တီဘင်း၊ထန်ဒီးယား၊အေတန်း၊ရမ်ဆိုင်းစသည့်ကျေးရွာများအဖြစ်အသီးသီးနေထိုင်လျက်ရှိကြသည်။
(ဂ) ဘူဟနင်တောင်မှ တင်ပပီးလမ်းကြောင်း
လုံဟန်မှဆင်းသက်လာသောအုပ်စုသည်ရမ်ဆိုင်း၊ဟရင်ထန်းနှင့်လွီထန်းတောင်ကိုဖြတ်ကျော်ပြီးတင်ပေါသို့ရောက်ရှိလာသည်။တင်ပေါမှတဆင့်ထပ်ခွာ၊ထိုမှတဆင့်လုံငိုးသို့ရောက်ရှိလာကြရာလုံငိုးရွာတွင်ရွာတည်ထားကြသည်။လုံငိုးမှတဆင့်ကျေးရွာအသီးသီးသို့ပျံနှံ့နေထိုင်ခဲ့ကြသည်။ ယင်းကျေးရွာများ
မှာ…………တိန်ဆီး၊ရေဆော၊ထယ်ဆီး၊တီလပ်၊ဘလေး၊လုံရိန်၊ဆဲမ်ပီးနှင့်ကေလုံးစသည့်ကျေးရွာများအဖြစ့်နေထိုင်လျက်ရှိကြသည်။
(ယ)ထီးလင်း၊ဂန့်ဂေါဒေသမှတင်းပပီးလမ်းကြောင်းတို့ဖြစ်သည်။
ထီးလင်း၊ဂန့်ဂေါမြို့နယ်ကြားရှိတင်းပပီးဒေသမှလာသောအုပ်စု၊လုံခင်း၊လုံရန်းဒေသများမှဆင်းသက်လာသောအုပ်စုအသီးသီးတို့သည်လည်းအထက်ပါဇိုတုန်ဒေသရှိကျေးရွာများတွင်ရောနှောနေထိုင် ကာရွာတည်၍ပျံနှံ့သွားကြသည်။အလားတူဇိုတုန်မျိုးနွယ်စုတို့သည်ဂန့်ဂေါမြို့နယ်သို့လည်းကောင်း၊ ဟားခါးမြို့နယ်သို့လည်းကောင်း၊ မီရမ်ဒေသသို့လည်းကောင်းအသီးသီးပျံနှံ့နေထိုင်ကြပါသည်။ ဇိုတုန်ဒေသတွင်အခြားမျိုးနွယ်စုများနှင့်ရောနှောနေထိုင်မှုသည်မပြောပလောက်အောင်နည်းပါးသည်။
ကိုးကားချက်
မတူပီမြို့နယ်၊မြို့နယ်ပြည်သူ့ကောင်စီရုံးမှရေးသားပြုစုသောမတူပီမြို့နယ်ယဉ်ကျေးမှုသမိုင်းကြောင်း၊ ၁၉၈၅ ဖေဖော်ဝါရီလ ၂၅ ရက်
မတူပီမြို့နယ်နိုင်ငံရေးသမိုင်း၊ မြို့နယ်သမိုင်း ပြုစုရေးကော်မတီ၊ မတူပီမြို့၊ ၃၀-၁၁-၁၉၇၉ စာမျက်နှာ ၂။
ရိုဆန်-ရှေးခေတ်ဟောင်းချင်းသမိုင်း၊ စာမျက်နှာ (၇၃)။